ဆရာဇော်ဂျီ - ပလေးတိုးနိဒါန်

ဆရာဇော်ဂျီ - ပလေးတိုးနိဒါန်



2002 နှစ်စပိုင်းလောက်တုန်းက ရန်ကုန်ကို ရောက်ပြီး ကျောင်းစတက်ချိန် ...။ ကျောင်းပိတ်ရက် နေ့လည်ခင်းများရောက်ရင် ဆူးလေနားက အင်းဝ စာအုပ်တိုက်တို့၊ အာရုံသစ်စာအုပ်တိုက်တို့၊ မြို့တော်ခန်းမနားက ရာပြည့်စာအုပ်တိုက်တို့ကို ခဏခဏသွားတယ်။ အဲဒီ စာအုပ်တိုက်တွေမှာပဲ စိတ်ဝင်စားမိတဲ့ စာအုပ်မှန်သမျှ မာတိကာကြည့်၊ တစ်ရွက်စ နှစ်ရွက်စ ဖတ်ကြည့် ဖတ်လို့ကို မကုန်နိုင်အောင်ပါပဲ။

လိုချင်တဲ့ စာအုပ်ဆိုတာလဲ များမှများပဲဗျာ။ ခက်တာက လိုင်းကားခတောင် အနိုင်နိုင်ရယ်ဆိုတော့ ဘယ်ဝယ်နိုင်လိမ့်မတုန်း။ အဲဒီအထဲမှာ ကျနော် စိတ်ဝင်စားမိတဲ့ စာအုပ် တစ်အုပ်က ဆရာဇော်ဂျီရဲ့ “ပလေးတိုးနိဒါန်း” စာအုပ် တစ်အုပ်လဲ ပါသပေါ့။ ဈေးနှုန်းကို ကြည့်ပြီး ကျနော် မှိုင်ခဲ့ရဖူးတယ်။ ဘယ်လိုမှ မတတ်နိုင်ခဲ့ဖူးဗျာ။ ဒါနဲ့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုပြီး စာအုပ်ဖိုး ပြည့်တဲ့အခါ စာအုပ်တိုက်ကို ပြေးခဲ့တယ်။ ဝယ်မယ်ပေါ့။ ဒါပေမယ့် ကျနော် ကံဆိုးခဲ့ရတယ်။

ဆရာဇော်ဂျီရဲ့ “ပလေးတိုးနိဒါန်း” ဟာ နယ်နယ်ရရ စာအုပ်လားဗျာ။ မြန်မာ့စာပေလောကရဲ့ ဂန္ထဝင်မြောက် စာအုပ်စာရင်းထဲမှာ ထိပ်ဆုံးက ပါနေတဲ့ စာအုပ် တစ်အုပ်ပဲ။ ကျနော် နောက်ကောက်ကျတယ် ဆိုတာ ဘယ်စာဖွဲ့လောက်မလဲ။ ကျနော့်ထက် အရင် လက်ဦးတဲ့သူတွေ မနည်းမနော ရှိနေပေါ့။ ဒီလိုနဲ့ပဲ ပလေးတိုးနိဒါန်းနဲ့ ကျနော် ရေစက်ကို မဆုံခဲ့ရပါဘူး။

မနေ့တစ်နေ့ကတော့ ... စာအုပ်ဆိုင် ဝင်မွှေရင်း မထင်မှတ်ပဲ ပလေးတိုးနိဒါန်းကို ရှားရှားပါးပါး တွေ့လိုက်ရပါတယ်။ ကျနော့်မှာ ဝမ်းသာလွန်းလို့ လိုင်းကားခ ကျန်သလား မကျန်သလားတောင် မစဉ်းစားမိဘူး။ ဝယ်လိုက်တယ်ဗျာ။

ဆိုတော့ ... သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ (ဒုတိယတွဲ) ကို မထုတ်ခင် ဆရာဇော်ဂျီရဲ့ ပလေးတိုးနိဒါန်းကို အရင်ထုတ်လိုက်ရအောင်လား။ ဘယ်လိုများ သဘောရကြသလဲ ခင်ဗျာ။ ကျနော် ပလေတိုနိဒါန်းကို အရင် မျှဝေချင်နေပါတယ်။


ဆရာဇော်ဂျီ - ပလေးတိုးနိဒါန်

0 comments: